Shipping Policy

ပြည်တွင်း ထုတ်ကုန် ပစ္စည်း များ ကို အော်ဒါတင်သည့် နေ့ ၁ရက် မှ ၃ ရက်အလုပ်ဖွင့်ရက်များအတွင်း မြန်မာပြည်တွင်း မြို့နယ် များသို့ ပို့ဆောင်ပေးမည် ဖြစ်သည်။

ပြည်ပ နိုင်ငံမှ မှာယူသော မြန်မာပြည်တွင်း ထုတ်ကုန် ပစ္စည်း များ ကို အော်ဒါတင်သည့် နေ့ ၁ရက် မှ ၃ ရက်အလုပ်ဖွင့်ရက်များအတွင်း VeVa Cargo services ဖြင့် အပ်နှံပေးပြီး customer များ ၏ ပြည်ပ လိပ်စာများ သို့ DHL service ဖြင့် ၇ရက် မှ ၁၀ရက် အတွင်း ပို့ဆောင်ပေး သွားမည် ဖြစ်ပါသည်။

UK နိုင်ငံ မှတင်သွင်းသည့် ထုတ်ကုန် ပစ္စည်း များ ကို မှာယူလိုပါက အော်ဒါတင်သည့် နေ့  ၃ ပတ် မှ ၄ ပတ် အတွင်း ရန်ကုန်မြို့ သို့ ပို့ဆောင်ပေးပြီး သက်ဆိုင်ရာ နယ်မြို့ ကား ဂိတ်များ သို့ ၁ရက်မှ ၃ရက် အတွင်းထပ်မံပို့ဆောင်ပေးမည် ဖြစ်ပါသည်။

အစိုးရရုံးပိတ်ရက်များတွင် shipments (သို့မဟုတ်) orders များ လုပ်ဆောင်မည် မဟုတ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
အကယ်၍ အော်ဒါကြပ်ချိန်နှင့်အော်ဒါများအချိန်မှီမရောက်ရှိချိန်များကို customerများအား ကြိုတင် အကြောင်းကြားအသိပေးပါမည်။

ပြည်တွင်း/ပြည်ပ ပို့ဆောင်ခ နှုန်းထားများ

မြန်မာနိုင်ငံပြည်တွင်း အော်ဒါများအတွက် delivery charges တွေကတော့ ၁ပေပတ်လည် 3kg ပစ္စည်းပုံးများကို ၃၅၀၀/- ကျပ်ဖြင့် မြန်မာပြည်အနှံ့ ကားဂိတ်များသို့ ပို့ဆောင်ပေးမည်ဖြစ်ပါသည်။

ပြည်ပနိုင်ငံများသို့ ပို့ဆောင်မည့်ပစ္စည်းများအား Veva Cargo Expressဖြင့် US/Canada/UK/EU/Australia/New Zealand/Korea နိုင်ငံများသို့ 5 kg ( 11 lbs ) မှစပြီးအိမ်တိုင်ရာ ရောက် Door to Door DHL Delivery Service စနစ်ဖြင့် ဝန်ဆောင်မှုပေးပါသည်။

ပြည်ပနိုင်ငံများသို့ ပို့ဆောင်‌သော ပစ္စည်းများ၏ အလေးချိန် ကိုတွက်ချက် ရာတွင် ဝယ်ယူသည့် ပစ္စည်း ၏ အလေးချိန် + သတ်မှတ်ထားသောကတ်ထူစက္ကူပုံးအလေးချိန်ဖြင့် ထည့်ချိန်ပါသည်။ ကတ်ထူစက္ကူပုံး၏ ခန့်မှန်း အလေးချိန် သည် 1kg-1.1kg ခန့်ရှိ ပါသည်။

မိတ်ဆွေတို့ ဝယ်ယူသည့် ကုန်ပစ္စည်း စုစုပေါင်း အလေးချိန် သည် 25kg ကျော်လွန် ပါက 18kg + 12kg ပုံး နှစ်ပုံး ဖြင့် ခွဲ ထည့်ပေးပါသည်။ ပုံး အရွယ်အစား နှင့် ထည့် သွင်းနိုင်သည့် ခန့် မှန်း အလေးချိန် များ ကို အောက်ပါ အတိုင်း နှိုင်းယှဉ်‌ လေ့လာ နိုင် ပါသည်။

စုစုပေါင်း အလေးချိန် သည် 0.01 kg ကျော်လျှင် 1 kg ဈေးနှုန်းဖြင့် တွက်ချက်ပါသည်။ ဥပမာ ၊ မိမိဝယ်ယူသည့် ပစ္စည်း အလေးချိန် + ကတ်ထူစက္ကူ ပုံး အပါစုစုပေါင်းအလေးချိန် သည် 17.10 kg ဖြစ်ပါက 18kg cargo weight ဖြင့် cargo charges ကို တွက်ချက်ပါသည်။ ကုန်ပစ္စည်း + ကတ်ထူစက္ကူ ပုံးအပါ စုစုပေါင်း အလေးချိန် သည် 25kg-30kg အတွင်းရှိပါက 18kg + 12kg ပုံး နှစ်ပုံး ဖြင့် ခွဲ ထည့်ပေး မည် ဖြစ်ပါသည်။

Veva Cargo Express ၏ Cargo Charges rate များကို နိုင်ငံအလိုက် အောက်ပါနှုန်းထား များ အတိုင်းသတ်မှတ်ထားပါသည်။

ငွေပေးချေမှုပုံစံများ

ကုန်ပစ္စည်းဝယ်ယူရန်အတွက် မြန်မာကျပ်ငွေဖြင့် ပေးချေနိုင်ပြီး Cash or AYA/KBZ Bank Account သို့မဟုတ် Mobile Banking Pay တို့ဖြင့် ပေးချေနိုင်ပါသည်။

အကယ်၍  ကုန်ပစ္စည်းကျသင့်ငွေကို နိုင်ငံခြားငွေကြေးဖြင့် ပေးချေလိုပါက ထိုနေ့မှာရှိမည့် Exchange Rate နှင့်တွက်ချက်ပြီး ရှင်းပေးရပါမည်။ မိမိပေးချေလိုသော Currency နှင့်ပတ်သက်သည့် Bank Account ကို Chat Box မှာတောင်းယူနိုင်ပါသည်။

Cargo Freight Charges ကို Destination Country Side မှာပဲပေးချေရပါမည်။ US သို့ပေးပို့လိုပါက cargo freight charges ကို US Dollar နှင့်ပေးချေရမှာဖြစ်ပြီး Canada သို့ ပေးပို့လိုပါက CAD နှင့် ပေးချေရပါမည်။ ဘဏ်အကောင့်ကို Chat Box မှာတောင်းယူနိုင်ပြီး  Western Union/Paypal တို့နှင့်လည်း ငွေပေးချေနိုင်ပါသည်။

Flight ထွက်မည့်နေ့ ၁ ရက်အလိုအထိ ငွေလွှဲမဝင်ပါက VeVa Cargo Express ရန်ကုန်ရုံးတွင် ထိမ်းသိမ်း ထားရှိမည်ဖြစ်ပြီး ငွေလွှဲဝင်လာမှသာ Next Available Flight ဖြင့် တင်ပေးပါမည်။

Custom Duties and Tax

မြန်မာပြည် မှ ပြည်ပနိုင်ငံများသို့ပစ္စည်း ပို့ဆောင်သူ များသည့် မိမိတို့ပို့ဆောင်သောနိုင်ငံ ၏ Import duties နှင့် Tax များ ပေးဆောင်ရခဲ့ပါကပစ္စည်း ပို့ဆောင်သူ/လက်ခံသူ ၏ တာဝန်သာဖြစ်ပါသည်။

ပုံမှန် စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများအတွက် Custom duties and Tax လွတ်ကင်းနိုင်‌အောင် VeVa Cargo Express မှ အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးပါသည်။

Refund Policy

VeVa Mart ၏ ပထမဦးစားပေးကတော့ သင်ရဲ့စိတ်ကျေနပ်အားရမှုပဲဖြစ်ပါတယ်။ ထို့ကြောင့် ယုံကြည်စွာနှင့် ကျွန်ုပ်တို့ဆီတွင် လာရောက်ဝယ်ယူအားပေးနိုင်ပါသည်။သို့ဖြစ်ပါ၍ သင် စိတ်ကျေနပ်မှုအပြည့်အဝရရှိနိုင်စေရန် အလို့ငှာ မှာယူအားပေးထားသော ပစ္စည်းများကို အချိန်မှီပို့ဆောင်ပေးနိုင်ရန် အလေးထားဆောင်ရွက်မည်ဖြစ်ပါသည်။

နိုင်ငံခြား မှ Direct တင်သွင်း သော ပစ္စည်း များ သည် တခါတရံ မမျှော်လင့် ထား သော ကြံ့ကြာ မှု များ (ဥပမာ၊ လေဆိပ် ကာစတန် ၌ ကြန့်ကြာခြင်း၊  connection လေယာဉ် ကြန့်ကြာ ခြင်းများ) ရှိနိုင်ပါသည်။ ထို အချိန် များ တွင် customer များ အနေဖြင့် သည်းခံစောင့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အကယ်၍ နိုင်ငံခြား မှ တိုက်ရိုက် မှာယူ သော အော်ဒါ ပစ္စည်းအား သတ်မှတ်ထားသော အချိန် ၄၈ ရက် အလုပ်ဖွင့်ရက် များ အတွင်း ပစ္စည်း လက်ခံမရရှိပါက ပြန်အမ်းငွေ အပြည့်ပေးမည် ဖြစ်ပါသည်။

ပြန်အမ်းငွေ အပြည့်ပေးခြင်းသည် အောက်ဖော်ပြပါ အချက်များတွင် အကျုံးဝင်မည် မဟုတ်ပါ။

-သင်၏ လုပ်ဆောင်ချက် တစုံတရာကြောင့် ဖြစ်ပေါ်လာသော မှားယွင်းမှု (ဥပမာ - ပို့ဆောင်ရမယ့်လိပ်စာအား မှားယွင်းစွာ ဖြည့်ခြင်း)

-ကျွန်ုပ်တို့ ထိန်းချုပ်မှုအောက်တွင် မရှိသော အကြောင်းတစုံတရာကြောင့် သင် မှာယူထားသော ပစ္စည်း နှောင့်နှေးကြန့်ကြာခြင်း (ဥပမာ၊ လေဆိပ် ကာစတန် ၌ ကြံ့ကြာ ခြင်း၊  သဘာဝဘေးအန္တရာယ် ကြောင့် Connection Flightများကြန့်ကြာခြင်း) များအတွက် VeVaMart မှ ပြန်အမ်းငွေ ပေးခြင်းများ ပြုလုပ်ပေးမည် မဟုတ်ပါ။

Cancellation / Return / Exchange Policy

အကယ်၍ မိမိ မှာယူထားသော ပစ္စည်း များ ငွေပေးချေထားသော order များအား ပြန်လဲလှယ်လိုလျှင် (သို့) cancel လုပ်လိုပါလျှင် ပြည်တွင်းထုတ်ကုန် ပစ္စည်း များ အတွက် ၁၂ နာရီအတွင်း၊ ပြည်ပမှမှာယူ‌သော ထုတ်ကုန်ပစ္စည်းများအတွက် ၂၄ နာရီအတွင်း ကျွန်ုပ်တို့အား ဆက်သွယ်ပေးပါ။

သင့်အတွက် ကျွနိုပ်တို့ဟာ ကောင်းမွန်သော ဖြေရှင်းချက်များဖြင့် ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်သည်။